Davis Cup နဲ့ Fed Cup တင်းနစ် ပြိုင်ပွဲတွေ ၂၀၂၁ ခုနှစ် အထိ ရွှေ့ဆိုင်း……….

COVID-19 ကြောင့် Davis Cup နဲ့ Fed Cup တင်းနစ် ပြိုင်ပွဲတွေကို ၂၀၂၁ ခုနှစ် အထိ ရွှေ့ဆိုင်းကြောင်း အပြည်ပြည်ဆိုင်ရာ တင်းနစ် အဖွဲ့ချုပ် ITF က သတင်းထုတ်ပြန်လိုက်ပါတယ်။ Davis Cup ပြိုင်ပွဲကို ပြီးခဲ့တဲ့နှစ်က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပခဲ့ပြီး ဒီနှစ် အတွက်ကိုလည်း နေရာ မပြောင်းလဲဘဲ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပေမယ့် နောက်တစ်နှစ် ရွှေ့ဆိုင်းလိုက်ရတာပါ…......

Davis Cup ပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၁၈ နိုင်ငံက မတူညီတဲ့ ပြိုင်ပွဲဝင် တင်းနစ် ကစားသမားတွေ ပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသမီး တင်းနစ် ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ Fed Cup ကတော့ နိုင်ငံပေါင်း ၁၂ နိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဧပြီလမှာ ကျင်းပဖို့ ရည်မှန်းထားခဲ့ပေမယ့် ၂၀၂၁ အထိ ရွှေ့လိုက်ရပါတယ်။ COVID-19 ကြောင့် ပရော်ဖက်ရှင်နယ် တင်းနစ် ပွဲတွေ အားလုံးကို ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်နားထားရပြီး လာမယ့် သြဂုတ်လ အထိ ပြန်လည် ကျင်းပဖို့ မရှိသေးဘူးလို့ သိရတာပါ….......

အပြည်ပြည်ဆိုင်ရာ တင်းနစ် အဖွဲ့ချုပ် ITF အနေနဲ့ Davis Cup ပြိုင်ပွဲကို ကမ္ဘာ့ဖလား ပုံစံ ပြောင်းလဲ ကျင်းပဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာတော့ ရာဖေးလ်နာဒယ် ပါဝင်တဲ့ စပိန် အသင်းက ကနေဒါ အသင်းကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ထားတယ်လို့ သိရပါတယ်…........

Source / Photo Crd ; Internet

%d bloggers like this: