Super League ရက်ဘီ ပွဲစဉ်တွေ သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လည် စတင်မည်…………..

ကလပ် အသင်းပေါင်း ၁၂ သင်း ပါဝင်တဲ့ Super League ရက်ဘီ ပွဲစဉ်တွေကို လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်…............

Super League ရက်ဘီ ပွဲစဉ်တွေဟာ COVID-19 ကြောင့် ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်နားထားခဲ့ရပြီး အင်္ဂလန် အခြေစိုက် ကလပ် အသင်း ၁၀ သင်း၊ ပြင်သစ်နဲ့ ကနေဒါ အခြေစိုက် တစ်သင်းစီ ပါဝင်တာပါ။ ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ကို လာမယ့် နိုဝင်ဘာလကုန်မှာ ကျင်းပမယ်လို့ Super League အမှုဆောင် ဥက္ကဌ ဖြစ်သူ ရောဘတ်အဲလ်စတုန်းက အတည်ပြု ပြောဆိုထားပါတယ်။ ပွဲစဉ်တွေ အားလုံးကို ကွင်းပိတ် ကစားမှာ ဖြစ်ပြီး နိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက် ရမယ့် အချိန် အထိ ကြားကွင်းမှာ ကစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်….............

Super League ရက်ဘီ အဖွဲ့ချုပ်ရဲ့ အတည်ပြု ထုတ်ပြန်ချက်အရ ထိပ်ဆုံး ၄ သင်း ပါဝင်တဲ့ ဆီမီးဖိုင်နယ်နဲ့ Grand Final ပွဲစဉ် အပါအဝင် ပွဲစဉ်ပေါင်း ၁၅ ပွဲ အထိ ပါဝင်မယ်လို့ သိရပါတယ်….........

Source / Photo Crd ; Internet

%d bloggers like this: