ပြင်သစ်ဧည့်လမ်းညွှန်နဲ့ ထိတွေ့ခဲ့တဲ့ ဒေသခံတွေကို (၁၄)ရက်စောင့်ကြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန် တဲ့အတွက် ပြန်လည်စေလွှတ်………

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ လူနာအမှတ်-၈နဲ့ အနီးကပ်ထိ တွေ့ခဲ့သူ (၉၁)ဦးကို ဧပြီလ(၃)ရက်နေ့က စောင့်ကြည့်ရက်(၁၄)ရက်ပြည့်ပြီဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ နေအိမ်ကို ပြန်လည် စေလွှတ်လိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်......

 

COVID-19ရောဂါရှိသူ ပြင်သစ်ဧည့်လမ်း ညွှန်နဲ့ ထိတွေ့ခဲ့တဲ့ ဒေသခံ(၉၀)ကျော်ကို သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာကန့်သတ်ထားပြီး ရာဇဂြိုဟ်ဟိုတယ်မှာ(၁၅)ဦး၊ လောကသစ္စာဟိုတယ်မှာ (၄၆)ဦး၊ တိုင်းရင်းဆေးရုံမှာ(၁၉)ဦး၊ ရွှေပိုးအိမ်ဟိုတယ်မှာ(၁၁)ဦးတို့ ထားရှိကာ မတ်လ(၂၀)ရက်က စတင်ပြီး စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။ စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့် နေချိန် မှာလည်း တစ်နေ့ကို(၂)ကြိမ် ကိုယ်ပူချိန်တိုင်းတာပြီး စောင့်ကြည့်ခဲ့ရာမှာ ဧပြီလ(၂)ရက်နေ့မှာ စောင့်ကြည့် ရက်(၁၄)ရက်ပြည့်ပြီဖြစ်တာကြောင့် ၎င်းတို့ရဲ့ နေအိမ်တွေကို ပြန်လည်စေလွှတ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်......

 

ညောင်ဦးမြို့နယ်မှာ သတ်မှတ်ထားတဲ့ နေရာမှာ အသွားအလာကန့်သတ်ခြင်းကို ကြိုတင်ဆောင်ရွက်မှုအဖြစ် ယွန်းပညာကောလိပ်မှာ လူဦးရေ(၁၀၀)စာခန့် ပြင်ဆင်ထားပြီး ဝါးကျောင်းကျေးရွာအုပ်စုနှင့် ပုဂံမြို့ မိုးကုတ် ရိပ်သာမှာလည်း ပြင်ဆင်ထားတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်.....

Source / Photo Crd ; MOI

%d bloggers like this: