ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် လက်လျှော့ပြီ…………

ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ သူတို့ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သိရတာပါ…….

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အနာဂတ် မရေရာသလို ဥရောပ ကလပ် အသင်းကြီးတွေနဲ့လည်း သတင်းတွေ ထွက်နေပါတယ်……..

သူဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ လာမယ့် ၂၀၂၁ ခုနှစ် အထိ စာချုပ် ကျန်ရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်နေတာပါ…….

ပေါ့ဘာဟာ ၂၀၁၆ နွေရာသီမှာ ဂျူဗင်တပ် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပြင်သစ် အသင်းနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားကို ရခဲ့သူ ဖြစ်ပါတယ်……..

အင်တာဗျူး တစ်ခုမှာတော့ ပေါ့ဘာကို ဘာစီလိုနာ အသင်းကလည်း ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့ သိရတာပါ………

%d bloggers like this: