လက်ကျန် ၃ ပွဲအလို နည်းပြကို ထုတ်ပယ်လိုက်တဲ့ ဘက်တစ် အသင်း………..

ဘက်တစ် အသင်းဟာ ဒီရာသီ စပိန်လာလီဂါ လက်ကျန် ၃ ပွဲအလိုမှာ သူတို့ အသင်း နည်းပြ ရူဘီဖာရီယာကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်.....

စနေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘက်တစ် အသင်းဟာ ဘီဘာအိုလ် အသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်.....

လက်ကျန် ၃ ပွဲ အလိုမှာ တန်းဆင်းဇုန်နဲ့ အနီးဆုံး ဖိအားများနေတဲ့ ဘက်တစ် အသင်း အနေနဲ့ အခုလို နည်းပြကို ထုတ်ပယ်လိုက်တာပါ......

ဘက်တစ် အသင်း ကစားသမားဟောင်း ဖြစ်သလို အားကစား ဒါရိုက်တာလည်း ဖြစ်တဲ့ အလက်ဆစ်ထရူဂျယ်လိုက ယာယီ နည်းပြ အဖြစ် ရာသီကုန်အထိ ကိုင်တွယ်မှာ ဖြစ်ပါတယ်......

သူတို့ အသင်းဟာ လာမယ့် ကြာသပတေးနေ့မှာတော့ အက်စ်ပန်ညို အသင်းနဲ့ ကစားရမယ်လို့ သိရပါတယ်......

နည်းပြ ရူဘီ လက်ထက် ဘက်တစ် အသင်းဟာ ရာသီပြန်အစ နောက်ဆုံး ၃ ပွဲမှာ တစ်မှတ်သာ ရရှိထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်......

%d bloggers like this: