ဘာစီလိုနာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပြန်လည် စတင်နေ……….

ဘာစီလိုနာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ကနေ ပြန်လည် စတင်နေပြီလို့ သိရတာပါ………..

အသင်း ကစားသမားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ လေ့ကျင့်ရေး မတိုင်မီ ၂ ရက် အလိုမှာ ဆေးစစ်မှု ခံယူခဲ့ပြီး COVID-19 ရောဂါပိုး မရှိကြောင်း အသီးသီး အဖြေထွက်ပေါ်ခဲ့ပါတယ်…

စပိန်လာလီဂါ ပွဲစဉ်တွေ ပြန်လည် စတင်ဖို့ ကလပ် အသင်းတွေ အားလုံး မျှော်လင့်ထားသလို ဆေးစစ်မှုတွေလည်း အသီးသီး လုပ်ဆောင်နေကြတာပါ……….

ဥရောပရဲ့ အဓိက ပြည်တွင်းလိဂ်တွေထဲက တစ်ခု ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ပြန်လည် စတင်နိုင်တော့မှာ ဖြစ်လို့ လာလီဂါ အနေနဲ့လည်း ပြိုင်ပွဲကို ပြန်စဖို့ ကြိုးစားနေပါတယ်……..

စပိန် ဘောလုံး အဖွဲ့ချုပ်ကတော့ လာလီဂါ ပွဲစဉ်တွေကို ဇွန်လမှာ ပြန်လည် စတင်ဖို့ မျှော်လင့်ထားတယ်လို့ သိရတာပါ……….

ဘာစီလိုနာ အသင်း အနေနဲ့ ကစားသမား တစ်ဦးချင်း လေ့ကျင့်မှုတွေသာ လုပ်ဆောင်ဆဲ  ဖြစ်ပြီး အသင်းလိုက် အတွက်ကိုတော့ အချိန်ပေးရမယ်လို့ သိရပါတယ်…….

%d bloggers like this: