The Interview with Agnes Lim Kyin Po (Fancy House)

YTV Channel ရဲ့ သည်တပတ် The Interview အစီအစဉ်မှာတော့ Hairstylist လောကမှာ နာမည်တလုံးနဲ့အောင်မြင်နေတဲ့ တီချယ်ကြီးဒေါ်ကျင်ပိုကို YTV Channel ကနေ ဖိတ်ခေါ်မေးမြန်းသွားမှာပဲ ဖြစ်ပါတယ်… တီချယ်ကြီးဟာဆိုရင် အပြင်လောကမှာသာမကဘဲ နာမည်ကြီး အနုပညာရှင်တွေ အတွက်ပါ ဆန်းသစ်လှပတဲ့ Hairstyle အမျိုးမျိုးကို ဖန်တီးပြုပြင်ပေးနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်…

သည်အစီအစဉ်ထဲမှာတော့ တီချယ်ကြီးဟာ သူတွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေ အများတကာရဲ့ အထင်အမြင်သေးခြင်းတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ပြီး သည်နေ့လိုအချိန်ထိ အောင်မြင်လာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ်ဆိုတာတွေကို ပရိသတ်တွေအတွက် ပြောပြပေးသွားမှာပါ…

ဒါကြောင့် Hairstyle ပညာကိုစိတ်ဝင်စားသူတွေ၊ Hairstylist တယောက်ဖြစ်ဖို့ ကြိုးစားနေသူတွေ အားလုံးအတွက် အကျိုးရှိစေမယ့် အစီအစဉ်လေးဖြစ်လို့ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်…

%d bloggers like this: