ဆန်းချက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်တာမီလန် အသင်း…………..

အင်တာမီလန် အသင်းကတော့ အသင်းမှာ အဌား ကစားနေတဲ့ ကစားသမား ဆန်းချက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်……

ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ အင်တာမီလန် အသင်းကို တစ်ရာသီ အဌားနဲ့ ရောက်လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်……

ချီလီ လက်ရွေးစင် ဖြစ်သူ ဆန်းချက်ဇ်ကို အင်တာမီလန် အသင်း အနေနဲ့ အပြီးသတ် ခေါ်ယူဖို့ မျှော်လင့်နေပေမယ့် ကစားသမားရဲ့ လုပ်အားခကြောင့် အခက်တွေ့နေရတာပါ……

ဆန်းချက်ဇ်ဟာ အင်တာမီလန် အသင်း အတွက် နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြကာ ဂိုးတွေ သွင်းယူထားနိုင်ခဲ့သလို ဖန်တီးပေးပို့မှုတွေလည်း လုပ်ထားနိုင်ခဲ့ပါတယ်……

သူဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာတော့ ၂ နှစ် စာချုပ် ကျန်ရှိနေတဲ့ မိခင် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်ရမှာ ဖြစ်ပါတယ်……

အသက် ၃၁ နှစ် အရွယ်ရှိ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ တစ်ပတ် လုပ်အားခ ပေါင် ၅သိန်းခွဲကျော် ရနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်……

အင်တာမီလန် အသင်းကတော့ ဆန်းချက်ဇ်ကို တစ်ပတ် လုပ်အားခ ပေါင် ၁ သိန်းခွဲနဲ့ အပြီးသတ် ခေါ်ယူဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်……

%d bloggers like this: