အင်တာမီလန် အသင်းကို ပြောင်းဖို့ သဘောတူညီမှု ရခဲ့တဲ့ ဟာကီမီ………….

အင်တာမီလန် အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်း နောက်ခံလူ ဟာကီမီကို ခေါ်ယူဖို့ အတွက် အကြို သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်………..

ဒီကစားသမား အတွက်ကို အင်တာမီလန် အသင်း အနေနဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားတာပါ………….

မော်ရိုကို လက်ရွေးစင် ဖြစ်သူ ဟာကီမီဟာ ဒေါ့မွန် အသင်းမှာ ၂ ရာသီ အဌား ကစားနေပြီး အသင်းနဲ့ စာချုပ် ပြည့်တော့မှာ ဖြစ်ပါတယ်……….

ရီးရဲလ်မက်ဒရစ် အသင်းမှာ အလားအလာ ရှိတဲ့ ကစားသမား အဖြစ် သတ်မှတ်ခံ ထားရပေမယ့် ဟာကီမီဟာ အသင်းမှာ နေရာရဖို့တော့ ရုန်းကန်ရဖို့ များနေတာပါ……….

ဒီကစားသမားကို ဒေါ့မွန် အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့က ခေါ်ယူဖို့ နီးစပ်နေပေမယ့် အင်တာမီလန် အသင်းကတော့ ပိုပြီး အခွင့်အရေး များနေပါတယ်…….

ကစားသမား ဖြစ်သူကလည်း သူဟာ စာချုပ်အရ ရီးရဲလ်မက်ဒရစ် အသင်းကို ပြန်ရမှာ ဖြစ်ပေမယ့် အနာဂတ် အတွက်ကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောတာပါ…………

အသက် ၂၁ နှစ် အရွယ်ရှိ ဟာကီမီဟာ မော်ရိုကို လက်ရွေးစင် အသင်း အတွက် ၂၂ ပွဲ ကစားထားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်…………..

%d bloggers like this: