ဂျိမ်းမက်ဒီဆင်ကို ၅ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ လက်စတာစီးတီး အသင်း………

လက်စတာစီးတီး အသင်း ကစားသမား ဖြစ်သူ ဂျိမ်းမက်ဒီဆင်ဟာ အသင်းနဲ့ တစ်ပတ် လုပ်အားခ ပေါင် တစ်သိန်းတန် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်………

သူဟာ လက်စတာစီးတီး အသင်းနဲ့ အတူ နောက်ဆုံး ၂ ရာသီမှာ အကောင်းဆုံး ခြေစွမ်း ပြခဲ့ပြီး အခုလို စာချုပ်သစ်ကြောင့် ကနဦး လုပ်အားခပါ ၂ ဆ တိုးရမှာ ဖြစ်ပါတယ်………

မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာ လက်စတာစီးတီး အသင်း အတွက် ၁၃ ဂိုး သွင်းယူကာ ၁၀ ကြိမ် အထိ ဖန်တီးထားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်………

အခုလို အနေအထားကြောင့် သူဟာ လက်စတာစီးတီး အသင်းမှာ ဝင်ငွေ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာဖို့ များသွားပြီလို့ သိရပါတယ်………

ဒီကစားသမားကို မန်ချက်စတာယူနိုက်တက် အသင်းကလည်း ကာလရှည် စိတ်ဝင်စား ခဲ့ဖူးတယ်လို့ သတင်းတွေက ဆိုပါတယ်………

နောဝှစ်ခ်ျစီးတီး ကစားသမားဟောင်း မက်ဒီဆင်ဟာ လက်စတာစီးတီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပေမယ့် ဒဏ်ရာပြဿနာနဲ့ မကြာခဏ ရုန်းကန်နေရပါတယ်………

%d bloggers like this: