ကီပါကို အဌားခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ ဗလန်စီယာ အသင်း………….

ဗလန်စီယာ အသင်းဟာ ချယ်လ်ဆီး အသင်း ဂိုးသမား ကီပါကို အဌား ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်……….

သူတို့ အသင်းဟာ ဒီဂိုးသမားကို အပြီးသတ် ခေါ်ယူခွင့် အပါအဝင် ကနဦး အဌားနဲ့ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်…………

ဗလန်စီယာ အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ ဂိုးသမား ဂျက်စပါဆီလက်ဆန် နေရာ အတွက် ကီပါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ…………..

ကီပါဟာ ချယ်လ်ဆီး အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ အတွက် ရေပန်းစားနေပါတယ်…………..

သူဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာ နေရာရဖို့ အတွက် ကလပ် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မျှော်လင့်နေတာပါ…………

သတင်းတွေအရ ကီပါ ကိုယ်တိုင်ကလည်း ချယ်လ်ဆီး အသင်းကနေ ထွက်ခွာဖို့ အတွက် မျှော်လင့်ထားတယ်လို့ သိရပါတယ်………….

%d bloggers like this: