FA ကွန်မြူနတီဒိုင်း ပွဲစဉ်ကို သြဂုတ်လ ၂၉ ရက်နေ့မှာ ကစားမည်………

၂၀၂၀-၂၀၂၁ ရာသီ အတွက် FA ကွန်မြူနတီဒိုင်း ပွဲစဉ်ကို လာမယ့် သြဂုတ်လ ၂၉ ရက်နေ့ ဝင်ဘလေကွင်းမှာ ကစားမယ်လို့ သိရပါတယ်……

လာမယ့် ရာသီ အတွက် ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးလ် အသင်းနဲ့ FA ဖလား ချန်ပီယံ ကလပ် အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်……

ရာသီသစ် အတွက် FA ကွန်မြူနတီဒိုင်း ပွဲစဉ်မှာတော့ ဝင်ဘလေကွင်း အတွင်း ပရိသတ်တွေ ပြန်လည် ဝင်ရောက်ခွင့် ပြုဖွယ်ရှိနေတယ်လို့ သိရပါတယ်……

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA အနေနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ မျှော်လင့်ထားပြီး ပရိသတ်တွေ ဝင်ရောက်ဖို့ အတွက် ဗြိတိန်အစိုးရနဲ့ ဆွေးနွေးနေပါတယ်……

COVID-19 ကာလ အတွင်း ဘောလုံး ပွဲစဉ်တွေ အများစုကို ကွင်းအတွင်း ပရိသတ် မပါဘဲ ယှဉ်ပြိုင် ကစားနေရပေမယ့် လာမယ့် ရာသီမှာတော့ ပရိသတ်တွေ ပြန်မြင်ရဖို့ များနေတာပါ……

ဗြိတိန် အစိုးရ အနေနဲ့ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ စတင်လို့ ပရိသတ်တွေကို အားကစား ပွဲတွေမှာ မြင်တွေ့ရဖို့ ဦးစားပေး စီစဉ်ထားပါတယ်……

လာမယ့် ရာသီ ပွဲစဉ် အဖြစ် လီဗာပူးလ် အသင်းဟာ အာဆင်နယ် အသင်းနဲ့ ချယ်လ်ဆီး အသင်းတို့ FA ဖလား ဗိုလ်လုပွဲစဉ်ကို အနိုင်ရလာမယ့် အသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ……

%d bloggers like this: