ဂျိုးဟတ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ ဆဲလ်တစ် အသင်း……….

စကော့တလန် ကလပ် ဆဲလ်တစ် အသင်းဟာ ဘန်လေ အသင်း ဂိုးသမား ဖြစ်သူ ဂျိုးဟတ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်……….

အင်္ဂလန် ဂိုးသမား ဂျိုးဟတ်ဟာ ဘန်လေ အသင်းနဲ့ စာချုပ် ကုန်ဆုံးဖို့ နီးစပ်နေသလို အသင်းကနေ ထွက်ခွာဖို့လည်း များနေတယ်လို့ သတင်းတွေက ဆိုတာပါ……….

စကော့တလန် ကလပ် ဆဲလ်တစ် အသင်းဟာ ဒီဂိုးသမားကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ခေါ်ယူနိုင်ဖို့ များနေတယ်လို့ သိရပါတယ်………..

ကနဦး အနေအထားအရ ဆဲလ်တစ် အသင်းဟာ ဂျိုးဟတ်ကို တစ်ရာသီ အဌားနဲ့ ခေါ်ယူခွင့် ရနိုင်ဖို့ မျှော်လင့်ထားပါတယ်………

အသက် ၃၃ နှစ် အရွယ်ရှိ ဂျိုးဟတ်ဟာ မန်ချက်စတာစီးတီး အသင်းမှာ ကစားခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှာ ဘန်လေ အသင်းကို ပြောင်းရွှေ့လာခဲ့ပေမယ့် နေရာမရ ဖြစ်နေတာပါ…………

အင်္ဂလန် အသင်း အတွက်ကို သူဟာ ၇၅ ပွဲ ကစားထားခဲ့ပြီး မန်ချက်စတာစီးတီး အသင်းနဲ့ အတူ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပရီးမီးယားလိဂ် ဖလားကို ရရှိထားခဲ့ပါတယ်……….

ဆဲလ်တစ် အသင်း အနေနဲ့လည်း ဒီဂိုးသမားကို ခေါ်ယူခွင့် ရဖို့ အတွက် မျှော်လင့် ထားတယ်လို့ သိရပါတယ်…………

%d bloggers like this: