ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ အတွက် အယ်လ်ဂါရာဖာ အသင်း ကမ်းလှမ်း ………

မိုနာကို အသင်း ကစားသမား ဖြစ်သူ ဖာဘရီဂတ်စ်ကို ကာတာ ကလပ် အယ်လ်ဂါရာဖာ အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်……

သူဟာ မိုနာကို အသင်းနဲ့ ၂ နှစ် စာချုပ် ကျန်ရှိနေပေမယ့် အယ်လ်ဂါရာဖာ အသင်းကတော့ ဒီကစားသမားကို စံချိန်တင် လုပ်အားခနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်……

အသက် ၃၃ နှစ် အရွယ်ရှိ လာလီဂါနဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်သူ ဖာဘရီဂတ်စ်ဟာ မိုနာကို အသင်းမှာ အသားမကျ ဖြစ်နေကာ ရုန်းကန်နေရတာပါ……

အာဆင်နယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ မိုနာကို အသင်းမှာ တစ်ပတ် ပေါင် ၁၁၀၀၀၀ ရနေကာ ဝင်ငွေ အကောင်းဆုံးတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်……

သူဟာ ဒီရာသီမှာ မိုနာကို အသင်း အတွက် ၂၂ ပွဲ အထိ ကစားထားခဲ့ပေမယ့် ပုံမှန် ခြေစွမ်း ပျောက်ဆုံးကာ ဂိုးတွေ သွင်းယူထားခြင်း မရှိသေးတဲ့ ကစားသမားပါ……

မိုနာကို အသင်းကလည်း ကစားသမားရဲ့ အပြောင်းအရွှေ့ကို လက်ခံပေးဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်……

%d bloggers like this: