လီဗာပူးလ် အသင်းမှာ ဆက်နေဖို့ မျှော်လင့်ထားတဲ့ အန်ဒီရော်ဘတ်ဆန်………..

လီဗာပူးလ် အသင်း နောက်ခံလူ အန်ဒီရော်ဘတ်ဆန်ဟာ သူ့အနေနဲ့ အသင်းမှာ ကာလရှည် ဆက်လက် ရှိနေဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်တာပါ…………

သူဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းနဲ့ အတူ ကစားသမား ဘ၀ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခံစစ်မှူး တစ်ဦး ဖြစ်ပါတယ်…………

ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့ တစ်နှစ်ကလည်း လီဗာပူးလ် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ရရှိထားခဲ့တဲ့ နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်…………

အခုလို အောင်မြင်မှုတွေ အတွက် သူဟာ လီဗာပူးလ် အသင်းမှာဘဲ ဆက်ရှိဖို့ မျှော်လင့်ထား တယ်လို့ ရော်ဘတ်ဆန်က အင်တာဗျူး တစ်ခု ပြောတာပါ…………..

အသက် ၂၆ နှစ် အရွယ်ရှိ ဒီကစားသမား ဖြစ်သူဟာ လီဗာပူးလ် အသင်း အတွက်ကို အဓိက အရေးပါတဲ့ နောက်တန်း ခံစစ် ကစားသမား တစ်ဦး အဖြစ် ရှိနေပါတယ်…………

သူ့ကို ဥရောပ ကလပ် အသင်း အများစုက စောင့်ကြည့်နေကြပြီး အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း သိရပါတယ်……………..

%d bloggers like this: