ဒန်နီဆီဘယ်လော့ကို နောက်တစ်ရာသီ အဌား ခေါ်ယူလိုက်တဲ့ အာဆင်နယ် အသင်း ………

အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်း ကစားသမား ဒန်နီဆီဘယ်လော့ကို နောက်ထပ် တစ်ရာသီ အဌား ခေါ်ယူလိုက်တယ်လို့ သတင်းထွက်နေပါတယ်……

ဒန်နီဆီဘယ်လော့ဟာ အာဆင်နယ် အသင်းမှာ တစ်ရာသီ အဌား ကစားနေပြီး COVID-19 ကာလ ရာသီ ပြန်လည် စတင်ချိန်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပါ……

အာဆင်နယ် အသင်း နည်းပြ အာတီတာ အနေနဲ့ ဒီကစားသမားကို အသင်းမှာ ဆက်လက် ရှိနေဖို့ မျှော်လင့်သလို အသင်း အတွက်ကို အခုလို ခေါ်ယူလိုက်တယ်လို့ သိရပါတယ်……

ဒန်နီဆီဘယ်လော့ဟာ အာဆင်နယ် အသင်းနဲ့ အဌား စာချုပ်ကုန်ဆုံးရင် ရီးရဲလ်မက်ဒရစ် အသင်းကို ပြန်ရောက်ဖို့ များနေတယ်လို့ ထင်ကြေး ပေးခြင်း ခံထားရတာပါ……

ရီးရဲလ်မက်ဒရစ် အသင်းကလည်း ဒီကစားသမား ဖြစ်သူကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ အပြီးသတ် ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်……

အာဆင်နယ် အသင်း နည်းပြ အာတီတာကတော့ အခုလို ဒန်နီဆီဘယ်လော့ကို အဌား ခေါ်ယူနိုင်ခဲ့ခြင်း အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်……

%d bloggers like this: