ရာထူးကနေ ထုတ်ပယ်ခံရဖို့ များနေတဲ့ နည်းပြ ဆာရီ………..

ဂျူဗင်တပ် အသင်း နည်းပြ ဆာရီဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ များနေတယ်လို့ သတင်းတွေအရ သိရပါတယ်………

သူဟာ ဒီရာသီ ကိုပါအီတာလီယာ ဗိုလ်လုပွဲနဲ့ အီတလီ စူပါဖလား ပြိုင်ပွဲ ၂ ခုစလုံးမှာ ရှုံးခဲ့လို့ အနာဂတ် မရေရာတဲ့ သတင်းတွေ ထွက်နေတဲ့ နည်းပြ တစ်ဦးပါ………..

ဂျူဗင်တပ် အသင်းဟာ ဒီရာသီ အစောပိုင်း လာဇီယို အသင်းနဲ့ ကစားခဲ့တဲ့ အီတလီ စူပါဖလား ပွဲစဉ်မှာ ရှုံးခဲ့သလို ကိုပါအီတာလီယာ ဗိုလ်လုပွဲမှာလည်း နာပိုလီ အသင်းကို ရှုံးခဲ့ပါတယ်………

နာပိုလီ အသင်းနဲ့ ကိုပါအီတာလီယာ ဗိုလ်လုပွဲ အပြီး ဂျူဗင်တပ် အသင်း ဘုတ်အဖွဲ့ဝင်တွေ ဟာ နည်းပြ ဆာရီ အတွက် အနာဂတ်ကို ပြန်လည် စဉ်းစားနေပြီလို့ သိရပါတယ်………

ဆာရီဟာ နာပိုလီ၊ ချယ်လ်ဆီး အပြင် အမ်ပိုလီ အသင်းနဲ့ ဂျူဗင်တပ် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ မှတ်တမ်း ပိုင်ဆိုင်ထားခဲ့တာပါ………..

အင်တာဗျူး တစ်ခုမှာတော့ နည်းပြ ဆာရီက သူ့အနေနဲ့ အသင်း နည်းပြ ဘ၀ အနာဂတ် အတွက် ဖြေကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်………….

%d bloggers like this: