ပူလီဆစ်ကို ချီးကျူး ပြောဆိုလိုက်တဲ့ ချယ်လ်ဆီး နည်းပြ လမ်းပတ်…………..

ချယ်လ်ဆီး အသင်း နည်းပြ လမ်းပတ်က ပူလီဆစ်ဟာ သူတို့ အသင်း အတွက် အဓိက ကစားသမား တစ်ဦး ဖြစ်လာမယ်လို့ ချီးကျူး ပြောဆိုလိုက်တာပါ…………

အမေရိကန် လက်ရွေးစင် ဖြစ်သူ ပူလီဆစ်ဟာ မန်ချက်စတာစီးတီး အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ချယ်လ်ဆီး အသင်း အတွက် ဂိုးတစ်ဂိုး သွင်းယူခဲ့ပါတယ်………

အသက် ၂၁ နှစ် အရွယ်ရှိ ဒီကစားသမား အတွက် အခုလို ပထမရာသီမှာ အသင်းနဲ့ အသား ကျအောင် ကစားနိုင်စွမ်းရှိနေလို့ နည်းပြ လမ်းပတ်ကတော့ ကျေနပ် အားရနေတာပါ…………..

အင်တာဗျူး တစ်ခုမှာတော့ နည်းပြ လမ်းပတ်က ပူလီဆစ်ဟာ နောက်လာမယ့် ပွဲတွေမှာ ချယ်လ်ဆီး အသင်း အတွက်ကို အခုထက် ပိုပြီး ခြေစွမ်းပြနိုင်ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်………

ပူလီဆစ်ဟာ ဒေါ့မွန် အသင်းကနေ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အသင်း တိုက်စစ်မှာ အချိန်တိုအတွင်း နေရာရလာခဲ့တာပါ…………..

ဒီကစားသမား ဖြစ်သူဟာ ချယ်လ်ဆီး အသင်းကို မရောက်ခင် ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရဖူးတယ်လို့ သိရပါတယ်……….

%d bloggers like this: