ချယ်လ်ဆီး အသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်း စဆင်းခဲ့တဲ့ တီမိုဝါနာ………………..

ဂျာမနီ တိုက်စစ်မှူး တီမိုဝါနာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အသင်းသစ် ချယ်လ်ဆီး အသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်း ဆင်းခဲ့တယ်လို့ သိရပါတယ်.....

သူဟာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အသင်းကနေ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၃ သန်းနဲ့ ရောက်လာခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်...

တီမိုဝါနာဟာ ဝက်ဖို့ဒ် အသင်းကို အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး အသင်းရဲ့ အိမ်ကွင်း ရာသီ နောက်ဆုံး ပွဲကို လာရောက် ကြည့်ရှုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်.....

ချယ်လ်ဆီး အသင်းဟာ လာမယ့်ရာသီ အတွက် တီမိုဝါနာ အပြင် အေဂျက် အသင်း ကစားသမား ဖြစ်သူ ဟာကန်ဇီရက်တို့ကို ခေါ်ယူထားခဲ့ပါတယ်....

တီမိုဝါနာဟာ ဒီရာသီ လိုက်ပ်ဇစ် အသင်း အတွက်ကို ပြိုင်ပွဲ အရပ်ရပ်မှာ ၃၄ ဂိုး အထိ သွင်းယူထားခဲ့တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်....

ချယ်လ်ဆီး အသင်း အနေနဲ့လည်း ဥရောပမှာ စောင့်ကြည့်စရာ တိုက်စစ်မှူး ဖြစ်တဲ့ တီမိုဝါနာကို ခေါ်ယူထားခဲ့လို့ ပြိုင်ဘက် အသင်းတွေ သတိထားစရာ ဖြစ်နေတယ်လို့ သိရပါတယ်.....

%d bloggers like this: