ယူနိုက်တက်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲဟာ မက်ဂွာယားကြောင့်လား? မာတာ၊ ဗာရန်း တို့ရဲ့ပါးနပ်မှုကြောင့်လား?
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ်ကွင်းထဲမှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မြင်ရခဲတဲ့ (3) ဂိုးပြတ်နိုင်ပွဲနဲ့အတူ Clean Sheet တွေကိုပါရယူသွားနိုင်ခဲ့ပါတယ်… ဒီပွဲမှာ ရရှိခဲ့တဲ့ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒို နဲ့ ဗာရန်းတို့ကသွင်းယူပေးခဲ့ပြီး ဒီဂီယာ နဲ့ လင်ဒီလော့ဖ် တို့ Clean Sheet ရယူနိုင်ခဲ့ပါတယ်… ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးကို အီလန်ဂါရဲ့ဖန်တီးပေးမှုကတဆင့် ဘရူနိုဖာနန်ဒက်စ်က ပိတ်သွင်းဂိုးယူနိုင်ခဲ့ပါတယ်… အဲ့ဒီနောက် ပထမပိုင်းပြီးခါနီးမှာ ရော်နယ်ဒိုဟာ ဂိုးသွင်းနိုင်ခဲ့ပြီး လူကျွံနေခဲ့တာကြောင့်တစ်ဂိုးနစ်နာခဲ့ရပေမယ့် ပွဲချိန် 61 မိနစ်မှာ ရော်နယ်ဒိုတစ်ယောက် လူချခံခဲ့ရပြီး ပင်နယ်တီရရှိခဲ့ရာ ဂိုးအဖြစ်ပြောင်းလဲပေးသွားနိုင်ခဲ့တာကြောင့် ဒုတိယဦးဆောင်ဂိုးကိုထပ်မံရရှိခဲ့ပါတယ်… ပွဲချိန် 72 မိနစ်မှာတော့ တဲလက်စ် တင်ပေးလိုက်တဲ့ဘောလုံးကို ဗာရန်းက အနိုင်သေချာစေတဲ့ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပြီး အခုလို (3) ဂိုးပြတ်နိုင်ပွဲရရှိစေခဲ့တာပဲဖြစ်ပါတယ်….. ဂိုးသမား ဒီဂီယာ က […]