ကျွန်ုပ်တို့အကြောင်း

[wpseo_breadcrumb]

YTV သည် DVB –T2 စနစ်ဖြင့် လေလှိုင်းတွင် အခမဲ့ ထုတ်လွှင့်မည့် တီဗီရုပ်သံလိုင်းများထဲမှ တစ်ခုဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပူးပေါင်းသဘောတူညီမှုကိုလည်း ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့ ကရရှိပြီးဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနမှ ၂၀၁၆ခုနှစ် စက်တင်ဘာလ၂၂ရက်တွင် တရားဝင်ကြေငြာခဲ့သော တင်ဒါမှတစ်ဆင့် E01 ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။ E01 ဖြင့်လျှောက်ထားခဲ့သော အဖွဲ့အစည်းပေါင်း ၄၄ခုရှိခဲ့ပြီး ပထမခြေလှမ်းအနေဖြင့် အောင်မြင်ခဲ့သောစာရင်းအရ အဖွဲ့အစည်း ၄၂ခု ရှိပါသည်။ နောက်တစ်ဆင့်အနေဖြင့် RFP လျှောက်ထားခဲ့သော အဖွဲ့အစည်း၂၉ခု ရှိခဲ့ပြီး ၂၀၁၇ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် အဖွဲ့အစည်းပေါင်း ၁၀ခုအနက် MY MULTIMEDIA Co.,Ltd ပါဝင်ကြောင်းကြေငြာသွားခဲ့ပါသည်။

YTV Channel ၏ ရည်ရွယ်ချက်မှာ

  • မီဒီယာရုပ်သံလွှင့်ခြင်းကို တိုးတက်လာစေရန်
  • အများပြည်သူအတွက် ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များပေးရန်နှင့် ပညာပေးရန်
  • ဖျော်ဖြေမှုအတွက်သာမကပဲ ရုပ်သံတီဗီလိုင်းများမှတစ်ဆင့် နိုင်ငံအတွက် အထောက်အကူရရှိ စေနိုင်သည့် အခွင့်အလမ်းများ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေနိုင်ရန်အတွက် လူမှုအသိုင်းအဝိုင်းကို ပူး ပေါင်းဖန်တီးထိန်းသိမ်းပေးရန်

နိုင်ငံနှင့်လူမှုအသိုင်းအဝိုင်းတိုးတက်စေရန် ဦးစားပေးသည့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းနိုင်ရန်ရည်ရွယ်သည့် အခမဲ့တီဗီရုပ်သံလိုင်းတစ်ခုအနေဖြင့် အလေးပေးလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့မှ စတင်ပြီး YTV ရုပ်သံလိုင်းတွင် စမ်းသပ်ထုတ်လွှင့်နေခဲ့ ပြီဖြစ်ပါသည်။ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် YTV ရုပ်သံလိုင်းကို တရားဝင် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။အဓိကအနေဖြင့် ဖျော်ဖြေရေး၊ စီးပွားရေး၊ သတင်းအချက်အလက် ဆိုင်ရာဖျော်ဖြေရေးနှင့် ပညာပေးဆိုင်ရာ ဖျော်ဖြေရေး အစီအစဉ်များကို ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

Facebook, Youtube စသော အွန်လိုင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများ၏ ကြည့်ရှုသူပရိတ်သတ်များမှနေ၍ MRTV ရုပ်သံလိုင်းရောက်ရှိနိုင်သောနေရာများသို့မြန်မာ့ရုပ်သံ ကွန်ရက်ကို ဖြန့်ကျက်ပြီး ထုတ်လွှင့်မည်ဖြစ်ပါသည်။ မိုဘိုင်းကိုအခြေခံသည့် ဒီဂျစ်တယ်စနစ်ကို အသုံးပြုနိုင်ဖို့ကိုလည်းရည်ရွယ်ထားသည်။

YTV CHANNEL

ကွန်ရက်အကျုံးဝင်မှု

YTV (free to air) ပြသမှုအကျုံးဝင်သော မြို့နယ်စုစုပေါင်း၁၅၁ မြို့ရှိပြီး အဓိကမြို့ကြီး ၄၅ မြို့လည်းပါဝင်သည်။ Thaicon 6 ဂြိုဟ်တုကို အသုံးပြုထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၇၀ ရာခိုင်နှုန်းအထိ ပြသမှုအကျုံးဝင်သည်

Yangon Tanai Pyinoolwin Bogale Taunzan Sagaing Lonetone Takaung
Labutta Matupi Pyinmana Banmaw Thabatkyin Hainggyikyun Kawzar Tatkon
Putao Kyaukpyu Mogok Aamar Bilin Myitkyina Naamar Napushar
Ramree Balakae Loikaw Ye Toungup Laamyu Hpa - An Phayuso
Lamine Kyauktaw Minenaung Phalan Phasaung Ann Moungtaw Wanhat
Kanade Gwa Shartaw Thandwe Kholan Mawlamyine Ywathit Painetaung
Homalin Karli Sittwe Muse Wontho Hlaignbwe Nantkhan Taungyi
Pyapon Kutkai Kawthoung Tangyan Kyineton Kyain Seikgyi Kyoutmae Hteegyint
Nansang Lashio Myaingyinu Tamonae Katha Namphan Myeik Myawady
Kholan Hpakant Nanglan Pyay Hakha Chinshwehaw Mawchi Manton
Taungoo Yeeoo Laukkaing Kyaikdon Mongyai Naunglebin Kantbalu Kyukoutt
Namtu Minepyat Bago Pinlaebuu Naungcho Hsipaw Minesatt Minbu
Bhamouk Mone' Theini Khanpatt Poppa Khanni Linnkae Mawlyike
Pansaung Meiktila Minhla Minepan Inntaw Nannyoon Kyaungkone Taungdwingyi
La'cha Gangaw Kawlin Hinthada Pakokku Pinlaung Hteelin Boutpyin
Pathein Chauck Maukmel Phyonepyin Shoutkyon Monywa Saw Kyaingtaung
Payarthonezu Mruak - U Shweku Pauk Yeangan Kaamine Padeat Moekaung
Mintone Mankan Pyaingkyon Sadone Naungmon Aunglan Konhein Min Dat
Maei Shinbwayyan Dawei Tachileik Htantalan Mineyan Tamu