YTV ၏ အစီအစဉ်ကောင်းများ

[wpseo_breadcrumb]

Y Info

မိသားစုနဲ့အတူ နောက်ဆုံးရသတင်းအချက်အလက်တွေကို ရယူလိုက်ပါ

အများပြည်သူများအတွက် ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ရောက်ရှိ နိုင်ရန် ထုတ်လွှင့်ပေးရန်နှင့် ပညာပေးရန်တို့အတွက် အဓိကရည်ရွယ်လျက်ရှိပါသည်….. ထို့ပြင် ဖျော်ဖြေမှု အတွက် သာမကပဲ ရုပ်သံတီဗီလိုင်းများမှတစ်ဆင့် နိုင်ငံအတွက် အထောက်အကူရရှိစေနိုင်မည့် အကျိုး ကျေးဇူးများကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်…. ထို့ပြင် မီဒီယာရုပ်သံလွှင့်ခြင်း လုပ်ငန်းကို တိုးတက်လာစေရန် ရည်ရွယ်ပြီး အကောင်းဆုံးသော ဝန်ဆောင်မှုကို ပေးလျှက်ရှိတာပဲ ဖြစ်ပါတယ်……

Y-Sports

နောက်ဆုံးရ အားကစားနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို YTV မှာ ကြည့်ရှုလိုက်ပါ

အားကစားကို ချစ်ခင်နှစ်သက် အားပေးနေကြတဲ့ ပရိသတ်ကြီးတို့အတွက် ကမ္ဘာ့အားကစား၊ မြန်မာ့အားကစား၊ အာဆီယံဒေသတွင်း အားကစားနဲ့ဆိုင်တဲ့ နောက်ဆုံးရ အကြောင်းအရာတွေ သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ Y Sports အစီအစဉ်လေးပဲ ဖြစ်ပါတယ်…. ဒီလို အားကစားသတင်းအစုံအလင်ကို သိရှိနိုင်ဖို့အတွက် YTV Channel ရဲ့ Y Sports အစီအစဉ်လေးကို ကြည့်ရှုဖို့တော့ လိုအပ်ပါလိမ့်မယ်နော်….

Y-Music

ခံစားနားဆင် Y Music အစီအစဉ်

နိုင်ငံတကာ သီချင်းများ၊ ရုပ်ရှင်ဇာတ်ဝင်တေးများ၊ K Pop သီချင်းသံစဉ်များနဲ့ အောင်မြင်ကျော်ကြားလျက်ရှိတဲ့ ခေတ်အလိုက် သီချင်းကောင်းကောင်းများကို ပရိသတ်ကြီးတို့အတွက် ခံစားနားဆင်နိုင်အောင် အဓိက ရည်ရွယ် ပြီး ထုတ်လွှင့်တင်ဆက်ပေးလျက် ရှိပါတယ်….. လူငယ်ကြိုက်၊လူကြီးကြိုက် သီချင်းများကို တနေရာထဲမှာ စုံလင်စွာ နားဆင်နိုင်ဖို့အတွက် အားလုံးအတွက် Y Musics အစီအစဉ်ကို နားဆင်လိုက်ပါနော်…..

Y-Games

နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဂိမ်းတွေအကြောင်း သိရှိနိုင်ဖို့ Y Games အစီအစဉ်

လတ်တလော ခေတ်စားနေတဲ့ နိုင်ငံတကာ ဂိမ်းများနှင့် အသစ်ထွက်ရှိနေတဲ့ ဂိမ်းအမျိုးအစား အစုံအလင်ကို review ကောင်းကောင်း ပြုလုပ်ပြီး ပရိသတ်ကြီးတို့ထံ အရောက်ပို့ပေးနေတဲ့ Y Games အစီအစဉ်လေးပဲ ဖြစ်ပါတယ်… လူငယ်တွေအကြိုက်ဖြစ်တဲ့ E Sport အစီအစဉ်လေးတွေကိုလည်း ထုတ်လွှင့်တင်ဆက်ပေးနေလို့ ကြည့်ရှုအားပေးသင့်တဲ့ Y Games အစီအစဉ်လေးတစ်ခုပါပဲနော်…..

Y-Events

ပွဲအခမ်းအနား အစီအစဉ်တွေကို နောက်မကျဘဲ သိရဖို့ Y Events ကို ကြည့်ကြစို့

ဒီအစီအစဉ်လေးဟာဆိုရင်တော့ ရန်ကုန်မြို့တွင်းသာမက အနယ်နယ်က ပြုလုပ်ကျင်းပလျက်ရှိနေတဲ့ ပွဲအခမ်းအနားများကို နောက်မကျစေပဲ ပရိသတ်ကြီးတို့ထံကို အရောက်ပို့ပေးနေတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်…. အသစ်အဆန်းတွေ ဖြစ်ပေါ်နေတဲ့ ခေတ်ကြီးမှာ ခေတ်နောက်မကျစေဘဲ ကျင်းပပြုလုပ်နေတဲ့ ပွဲအခမ်းအနားတိုင်းကို သိရှိနိုင်ဖို့အတွက် ဆိုရင်တော့ Y Events အစီအစဉ်ကြည့်ရှုဖို့ မမေ့လိုက်ပါနဲ့ဦးနော်…..

Y-Movies

နိုင်ငံတကာ ရုပ်ရှင်တွေကို တဝကြီး ကြည့်ရှုနိုင်မယ့် Y Movies အစီအစဉ်

နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ရုပ်ရှင်များ၊ အိန္ဒိယရုပ်ရှင်များ၊ ကာတွန်းကားများ၊ ကိုရီးယား ရုပ်ရှင်များ စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ထုတ်လွှင့်တင်ဆက် ပြသပေးနေတဲ့ ဒီအစီအစဉ်လေးဟာဆိုရင်တော့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်မှာ အသေအချာပါပဲ…. အားလုံးရဲ့ အကြိုက်ဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုနိုင်ဖို့အတွက် Y Movies အစီအစဉ်လေးကို မလွတ်တမ်း ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးနော်……

Y-Series

နိုင်ငံတကာ ရုပ်ရှင်စီးရီးတွေကို ခံစားကြည့်ရှုနိုင်မယ့် Y Series အစီအစဉ်ကြည့်ကြစို့

လတ်တလော ခေတ်စားနေတဲ့ စီးရီးများ၊ ကာတွန်းစီးရီးများနှင့် ခေတ်အဆက်ဆက်ကြိုက်ခဲ့ရတဲ့ စီးရီးဇာတ်လမ်း များကို ပရိသတ်ကြီးတို့ တဝကြီး ကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးလျက်ရှိတဲ့ Y Series အစီအစဉ်လေးပဲ ဖြစ်ပါတယ်….. အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်းမှာ ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပြီး ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်ပါရစေနော်…….

Beautiful Myanmar

မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေကို တထိုင်တည်း ကြည့်ရှုနိုင်မယ့် Beautiful Myanmar အစီအစဉ်

မြန်မာနိုင်ငံရဲ့ သဘာဝအတိုင်း လှပတင့်မော ရင်သပ်ရှုမောစရာ အဖိုးတန်လှတဲ့ အလှတရားတွေကို ပရိသတ်ကြီး တို့ ကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်လေး တစ်ခုပဲ ဖြစ်ပါတယ်…. ဒီအစီအစဉ်လေးမှ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေနိုင်ရန်နှင့် ပိုမိုလှပသော လူမှုအသိုင်းအဝိုင်းကို ပူးပေါင်းဖန်တီး ထိန်းသိမ်းပေးနိုင်ရန်အတွက် ရည်ရွယ်ထုတ်လွှင့်လျက်ရှိတာလည်း ဖြစ်ပါတယ်… ဒီတော့ အလှတရားတွေကို ခံစားဖို့အတွက် YTV ကို အခုပဲ ကြည့်ရှုလိုက်ပါဦးနော်…..