YTV ဖမ်းယူကြည့်ရှုနည်း
[wpseo_breadcrumb]
YTV Free To Air Channel ရဲ့ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ အစီအစဉ်ကောင်းတွေကို ပရိသတ်ကြီးတို့အနေနဲ့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက် ဘယ်လိုမျိုး ဖမ်းယူကြည့်ရှုနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက် ရပါတယ်.
Set-top Box ( DVB – T2) စက်နဲ့ ဖမ်းယူမယ်ဆိုရင်
- ပထမဦးဆုံး ရီမုမှ Menu ခလုတ်ကို နှိပ်ပါ….
- ထို့နောက် installation ထဲသို့ ဝင်ပါ….
- Auto Tuning > Scan ပြုလုပ်ပြီး YTV Channel ကို ဖမ်းယူကြည့်ရှုနိုင်ပါတယ်……
VHF/UHF Antenna နဲ့ ဖမ်းယူမယ်ဆိုရင်
- TV မှ Menu ကိုသွားပါ….
- Auto Tuning > Scan ပြုလုပ်ပြီး YTV Channel ကို ဖမ်းယူကြည့်ရှုနိုင်ပါတယ်……
Manually အနေနဲ့ ဖမ်းယူကြည့်ရှုမယ်ဆိုရင်
- TV မှ Menu ကိုသွားပါ….
- ထို့နောက် Frequency CH 31, 554 MHz ကို ရွေးချယ်ပါ…..
- Tuning လုပ်ပြီးတော့ YTV Channel ကို မိမိတို့ရဲ့ TV မှာထည့်သွင်း ကြည့်ရှု အားပေးနိုင်မှာပဲ ဖြစ်ပါတယ်…..
အထက်ပါ နည်းလမ်းတွေကို အသုံးပြု၍ ပရိသတ်ကြီးတို့ရဲ့ TV မှာ YTV Channel ကို ထည့်သွင်းပြီး ကောင်းမွန်တဲ့ အစီအစဉ်သစ်တွေ၊ အစီအစဉ်ကောင်းတွေကို ကြည့်ရှုရင်း တန်ဖိုးရှိလှတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်ကြပါစေနော်……