အက်ဇ်ပီလီကွီတာရဲ့အမှားကြောင့် အဲဗာတန်ကို ၃ မှတ်အလှူပေးလိုက်ရတဲ့ ချဲလ်ဆီးအသင်း…..

ချဲလ်ဆီးအသင်းဟာ မနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူအက်ဇ်ပီလီကွီတာရဲ့အမှားကတစ်ဆင့်ပေးခဲ့ရတဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ ရှုံးနိမ့်ခဲ့ရပါတယ်... ဒီရလာဒ်ဟာ ချဲလ်ဆီးအသင်းအတွက် အရှုံးအပြင် ပြိုင်ပွဲစုံအဝေးကွင်း ၁၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းကိုပါ ရပ်တန့်စေခဲ့ပါတယ်.....

ဒီပွဲမှာချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာ လူစုံနီးပါးပွဲထုတ်လာခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ပြတ်ပြတ်သားသားအသာစီးရခဲ့တာကလွဲရင် ဂိုးပေးခဲ့ရပြီးမှ အဲဗာတန်အသင်းကို ဖိဖိစီးစီးကစားနိုင်ခဲ့တာဖြစ်ပါတယ်... နောက်ပြီး ဒီရှုံးပွဲကြောင့် ချဲလ်ဆီးဟာအဆင့် ၄ နေရာကအာဆင်နယ်ထက် ၃ မှတ်သာအသာရတော့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲကို ရာသီသိမ်းခါနီးမှ ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်...

အဲဗာတန်အသင်းနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ တူချယ်က စိတ်ပျက်ဖွယ်ကောင်းတဲ့ ခံစစ်အမှားတွေကနေ ဂိုးတွေပေးနေရခြင်းအပေါ်ပေါက်ကွဲခဲ့ပြီး ဒီပွဲအပါအဝင် အရှေ့ပွဲတွေမှာ မလိုလားအပ်တဲ့ရမှတ်ဆုံးရှုံးမှုတွေကြောင့် အသင်းအနေနဲ့ လက်ကျန် ၄ ပွဲမှာ ဆက်လက်ရုန်းကန်ရမှာမို့ တာဝန်ကျေရုံအသိနဲ့ကစားနေခြင်းကို အချိန်မှီပြန်ပြင်ဖို့ကိုလည်း ချဲလ်ဆီးအသင်းသားတွေထံ သတိပေးလိုက်ပါတယ်.....

ချဲလ်ဆီးအသင်းဟာ လာမယ့် မေလ ၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ် ဝုဗ်အသင်း၊ မေလ ၁၂ ရက်နေ့မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် ၃၃ အဖြစ် လိဒ်ယူနိုက်တက်အသင်း၊ မေလ ၂၀ ရက်နေ့မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် ၂၇ အဖြစ် လက်စတာအသင်း၊ မေလ ၂၂ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ အဖြစ် ဝက်ဖို့ဒ်အသင်း တို့နဲ့အသီးသီးယှဉ်ပြိုင်ကစားရမယ့်အပြင် မေလ ၁၄ ရက်နေ့မှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ယှဉ်ပြိုင်ဗိုလ်လုဖို့ ရှိနေတာကြောင့် ချဲလ်ဆီးအသင်းအတွက် အမှန်တကယ်ကိုရုန်းကန်သွားရဖို့ရှိနေတဲ့အချိန်ကာလတစ်ခုဖြစ်နေပါပြီ......