Author Archives: myo_paing

ယူနိုက်တက်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲဟာ မက်ဂွာယားကြောင့်လား? မာတာ၊ ဗာရန်း တို့ရဲ့ပါးနပ်မှုကြောင့်လား?

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ်ကွင်းထဲမှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မြင်ရခဲတဲ့ (3) ဂိုးပြတ်နိုင်ပွဲနဲ့အတူ Clean Sheet တွေကိုပါရယူသွားနိုင်ခဲ့ပါတယ်...

ဒီပွဲမှာ ရရှိခဲ့တဲ့ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒို နဲ့ ဗာရန်းတို့ကသွင်းယူပေးခဲ့ပြီး ဒီဂီယာ နဲ့ လင်ဒီလော့ဖ် တို့ Clean Sheet ရယူနိုင်ခဲ့ပါတယ်... ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးကို အီလန်ဂါရဲ့ဖန်တီးပေးမှုကတဆင့် ဘရူနိုဖာနန်ဒက်စ်က ပိတ်သွင်းဂိုးယူနိုင်ခဲ့ပါတယ်... အဲ့ဒီနောက် ပထမပိုင်းပြီးခါနီးမှာ ရော်နယ်ဒိုဟာ ဂိုးသွင်းနိုင်ခဲ့ပြီး လူကျွံနေခဲ့တာကြောင့်တစ်ဂိုးနစ်နာခဲ့ရပေမယ့် ပွဲချိန် 61 မိနစ်မှာ ရော်နယ်ဒိုတစ်ယောက် လူချခံခဲ့ရပြီး ပင်နယ်တီရရှိခဲ့ရာ ဂိုးအဖြစ်ပြောင်းလဲပေးသွားနိုင်ခဲ့တာကြောင့် ဒုတိယဦးဆောင်ဂိုးကိုထပ်မံရရှိခဲ့ပါတယ်... ပွဲချိန် 72 မိနစ်မှာတော့ တဲလက်စ် တင်ပေးလိုက်တဲ့ဘောလုံးကို ဗာရန်းက အနိုင်သေချာစေတဲ့ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပြီး အခုလို (3) ဂိုးပြတ်နိုင်ပွဲရရှိစေခဲ့တာပဲဖြစ်ပါတယ်.....

ဂိုးသမား ဒီဂီယာ က ဘရန့်ဖို့ဒ် တို့ဖိကစားခဲ့ကြချိန် ဖိအားတွေကြားထဲက အဲရစ်ဆင်ရဲ့ကန်ချက်ကိုကာကွယ်ပေးနိုင်ခဲ့ပြီး ထိုက်တန်တဲ့ Clean Sheet ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်... အဲရစ်ဆင်ရဲ့နောက်ထပ်ကန်ချက်ကို ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့တဲ့ လင်ဒီလော့ဖ်ကတော့ ခက်ခဲတဲ့အခိုက်အတန့်အချို့ကိုရင်ဆိုင်ခဲ့ရပေမယ့် ထိုက်သင့်တဲ့စွမ်းဆောင်ရည်နဲ့အတူ Clean Sheet ပါရယူနိုင်ခဲ့ပါတယ်.....

ဒီပွဲမှာတော့ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာ ဟာစိတ်အားထက်သန်မှုနဲ့ ကောင်းမွန်တဲ့ကစားပုံပြသနိုင်ခဲ့ပြီး ပွဲချိန်အစောပိုင်းမှာ တိုနေးရဲ့ဖိအားပေးမှုအောက်ကျရောက်ခဲ့ရတဲ့ ဗာရန်းဟာ နောက်ပိုင်းမှာတော့ ကစားပုံတွေတိုးတက်လာကာ အနိုင်ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်.....

ဘရူနို လှလှပပသွင်းယူခဲ့တဲ့ ဒီပွဲရဲ့အဖွင့်ဂိုးဟာ သူ့အတွက် ယူနိုက်တက်ကစားသမားဘဝရဲ့ ဂိုး (50) မြောက်နဲ့ ဒီရာသီရဲ့ (10) ကြိမ်မြောက်ဂိုးဖြစ်ခဲ့ပြီး မက်ဂွာယားကတော့ ဒဏ်ရာပြဿနာကြောင့် ဒီပွဲမှာပါဝင်ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့လည်းသိရှိရပါတယ်.....

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ဒီနိုင်ပွဲဟာ ဒဏ်ရာပြဿနာနဲ့မက်ဂွာယား ပါဝင်မကစားခဲ့ရလို့လား... ဒီအခွင့်အရေးကို အံကိုက်လူစာရင်းနဲ့ပွဲထွက်နိုင်ခဲ့တဲ့ နည်းပြရန်းဂနစ် ကြောင့်လားဆိုတာကတော့ ယူနိုက်တက်ပရိသတ်တွေအတွက်စဉ်းစားစရာဖြစ်လာခဲ့ရပြီး အခုလာမယ့် မေလ ၇ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ်   ဘရိုက်တန်အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်ရဲ့ပွဲထွက်လူစာရင်းကတော့ ဘောလုံးချစ်ပရိသတ်တွေကြား စိတ်ဝင်စားမှုကောင်းဖို့ရှိလာခဲ့ရပါပြီ.....

အက်ဇ်ပီလီကွီတာရဲ့အမှားကြောင့် အဲဗာတန်ကို ၃ မှတ်အလှူပေးလိုက်ရတဲ့ ချဲလ်ဆီးအသင်း…..

ချဲလ်ဆီးအသင်းဟာ မနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူအက်ဇ်ပီလီကွီတာရဲ့အမှားကတစ်ဆင့်ပေးခဲ့ရတဲ့ တစ်လုံးတည်းသောဂိုးနဲ့အတူ ရှုံးနိမ့်ခဲ့ရပါတယ်... ဒီရလာဒ်ဟာ ချဲလ်ဆီးအသင်းအတွက် အရှုံးအပြင် ပြိုင်ပွဲစုံအဝေးကွင်း ၁၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းကိုပါ ရပ်တန့်စေခဲ့ပါတယ်.....

ဒီပွဲမှာချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာ လူစုံနီးပါးပွဲထုတ်လာခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ပြတ်ပြတ်သားသားအသာစီးရခဲ့တာကလွဲရင် ဂိုးပေးခဲ့ရပြီးမှ အဲဗာတန်အသင်းကို ဖိဖိစီးစီးကစားနိုင်ခဲ့တာဖြစ်ပါတယ်... နောက်ပြီး ဒီရှုံးပွဲကြောင့် ချဲလ်ဆီးဟာအဆင့် ၄ နေရာကအာဆင်နယ်ထက် ၃ မှတ်သာအသာရတော့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲကို ရာသီသိမ်းခါနီးမှ ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်...

အဲဗာတန်အသင်းနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ တူချယ်က စိတ်ပျက်ဖွယ်ကောင်းတဲ့ ခံစစ်အမှားတွေကနေ ဂိုးတွေပေးနေရခြင်းအပေါ်ပေါက်ကွဲခဲ့ပြီး ဒီပွဲအပါအဝင် အရှေ့ပွဲတွေမှာ မလိုလားအပ်တဲ့ရမှတ်ဆုံးရှုံးမှုတွေကြောင့် အသင်းအနေနဲ့ လက်ကျန် ၄ ပွဲမှာ ဆက်လက်ရုန်းကန်ရမှာမို့ တာဝန်ကျေရုံအသိနဲ့ကစားနေခြင်းကို အချိန်မှီပြန်ပြင်ဖို့ကိုလည်း ချဲလ်ဆီးအသင်းသားတွေထံ သတိပေးလိုက်ပါတယ်.....

ချဲလ်ဆီးအသင်းဟာ လာမယ့် မေလ ၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ် ဝုဗ်အသင်း၊ မေလ ၁၂ ရက်နေ့မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် ၃၃ အဖြစ် လိဒ်ယူနိုက်တက်အသင်း၊ မေလ ၂၀ ရက်နေ့မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် ၂၇ အဖြစ် လက်စတာအသင်း၊ မေလ ၂၂ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ အဖြစ် ဝက်ဖို့ဒ်အသင်း တို့နဲ့အသီးသီးယှဉ်ပြိုင်ကစားရမယ့်အပြင် မေလ ၁၄ ရက်နေ့မှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ယှဉ်ပြိုင်ဗိုလ်လုဖို့ ရှိနေတာကြောင့် ချဲလ်ဆီးအသင်းအတွက် အမှန်တကယ်ကိုရုန်းကန်သွားရဖို့ရှိနေတဲ့အချိန်ကာလတစ်ခုဖြစ်နေပါပြီ......

ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချပြီး အသင်းကနေထွက်ခွာတော့မယ့် ခံစစ်မှူး ရူဒီဂါ…..

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ် က နောက်ခံလူ အန်တိုနီယို ရူဒီဂါ ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီလို့ ဝက်စ်ဟမ်းကိုအနိုင်ရပွဲအပြီးမှာ အတည်ပြုလိုက်ပါတယ်.....

ချယ်ဆီးအသင်းဖက်က စာချုပ်သစ်အတွက် တပတ်လုပ်ခ ပေါင် ၂ သိန်းကျော်အထိတိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့် ရူဒီဂါ က ကမ်းလှမ်းမှုကိုပယ်ချပြီး ယခုနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်.....

ဒီကမ်းလှမ်းချက်ဟာ ချယ်လ်ဆီးအသင်းအနေနဲ့ နောက်ဆုံးကမ်းလှမ်းချက်ဖြစ်ပြီး ဒါဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် လစာအကောင်းဆုံးနောက်ခံလူ ဖြစ်လာစေမှာပဲဖြစ်ပါတယ်.....

 

ဂျာမနီလက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ဟာ စာချုပ်သစ်ကမ်းလှမ်းမှုကို ငွေကြေးအကြောင်းပြချက်တစ်ခုတည်းနဲ့သာ ပယ်ချခဲ့တာဖြစ်ပြီး ယခင်အသင်းပိုင်ရှင် ရုရှားရေနံဘီလျံနာ ရိုမန်အေဘရာမိုဗစ်ချ် အပေါ် ဗြိတိန်အစိုးရမှ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေမလုပ်ခင်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ လစာတိုးမြှင့်ကမ်းလှမ်းမှုတွေကို တောက်လျှောက်ငြင်းပယ်လာခဲ့တာလို့ သိရပါတယ်.....

ရူဒီဂါ ဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းအနေ ချယ်လ်ဆီးအသင်းကို ကနဦးပေါင် ၂၉ သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ် စွမ်းဆောင်ထားကာ ချယ်လ်ဆီးအသင်းနဲ့အတူ FA Cup, Super Cup, Europa League, Champions League ဖလားများကို အောင်မြင်မှုရရှိခဲ့ပါတယ်.....

လက်ရှိမှာတော့ ရူဒီဂါ ဟာ သူလိုချင်တဲ့လစာပမာဏ ဘာစီလိုနာကိုကျော်ပြီး ကမ်းလှမ်းပေးနိုင်မယ့် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ဖို့ခန့်မှန်းရပေမယ့် ရူဒီဂါရဲ့အေးဂျင့်ကတော့ ဒီစပိန်အင်အားကြီးကလပ် ၂ သင်းအပြင် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုင်တက် တို့ထံမှလည်း ကမ်းလှမ်းတွေကို  လက်ခံဆွေးနွေးထားတယ်လို့ ထပ်မံသိရှိရပါတယ်.....

အလွတ်ပြောင်းရွေ့ကြေးနဲ့ ထိပ်တန်းခံစစ်မှူး အန်တိုနီယို ရူဒီဂါ တစ်ယောက် လာမယ့်ရာသီမှာ ဘယ်အသင်းကိုရောက်နိုင်မလဲ...? အဖြေကတော့ ဘောလုံးဝါသနာရှင်ပရိသတ်တွေအတွက်တော့ စောင့်ကြည့်ရမယ့်သတင်းကောင်းတစ်ခုလာပါလိမ့်မယ်.....

လိုင်ချီးသီးက ပေးတဲ့ ကျန်းမာရေးအကျိုးများ……..

YTV ရဲ့ ပရိသတ်ကြီးတို့အတွက် ကျန်းမာရေးဆိုင်ရာ အသီးလေးတွေကို တင်ဆက်ပေးနေတာဖြစ်ပြီး အခုတခါမှာတော့ လိုင်ချီးသီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်....

ဒီအသီးလေးက ပရိသတ်ကြီးတို့ရဲ့ ကျန်းမာရေးအတွက် ဘယ်လောက်အထိ အကျိူုးကျေးဇူးပေးစွမ်းနိုင်လဲ.... ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကိုတော့ ဒီဗီဒီယိုဖိုင်လေးမှာ ဝင်ရောက်ကြည့်ရှုပြီး အမြင်လေးတွေကိုလည်း မှတ်ချက်ပေးခဲ့ကြပါဦးနော်.....

မင်းကွတ်သီးနဲ့ လူသားတို့ရဲ့ ကျန်းမာရေး……

YTV Channel ရဲ့ ပရိသတ်ကြီးတို့အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ရပါတယ်.....

ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ မင်းကွတ်သီးတစ်လုံးအနေနဲ့ ပရိသတ်ကြီးတို့ရဲ့ ကျန်းမာရေးအတွက် ဘယ်လိုမျိုး အကျိုးပြုတယ် အကျိုးကျေးဇူး ရရှိနိုင်သလဲဆိုတာကိုတော့ ကိုယ်တိုင်ဝင်ရောက်ကြည့်ရှုရင်း မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦးနော်.....

ကျန်းမာရေးအတွက် အကျိုးများစွာရှိတဲ့ ဆီးသီး….

YTV Channel ကို အားပေးနေတဲ့ ပရိသတ်ကြီးတို့အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်လေးကနေ အခုတခါမှာတော့ ဆီးသီးနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်.....

ဆီးသီးကို စားသုံးခြင်းဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဘယ်လောက်ထိ ရရှိနိုင်သလဲ...??? ဘယ်လိုကောင်းကျိုးပြုသလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီဗီဒီယိုဖိုင်လေးကို ဝင်ရောက်ကြည့်ရှုပြီး မှတ်ချက်ပေးခဲ့ပါဦးနော်....

ကျန်းမာရေးအတွက် အကျိုးထူးတဲ့ စပျစ်သီး…..

YTV ရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်လေးကနေ အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ကျန်းမာရေးကို အကျိုးထူးခြားစွာ ပေးနေတဲ့ စပျစ်သီးရဲ့ အကြောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်....

ဒီစပျစ်သီးတွေအနေနဲ့ ပရိသတ်ကြီးတို့အတွက် ဘယ်လောက်အထိ ကျန်းမာရေးအပေါ် အကျိုးပေးသလဲ...??? ဘယ်လိုကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို သိရှိနိုင်ဖို့အတွက်ဆိုရင်တော့ ပရိသတ်ကြီးတို့ ကိုယ်တိုင် အခုဗီဒီယိုဖိုင်လေးကို ဝင်ရောက်ကြည့်ရှုပြီး အမြင်လေးတွေကိုလည်း ပြောပြပေးခဲ့ပါဦးနော်......